Excellent Fortune Development Group

EXCELLENT FORTUNE DEVELOPMENT GROUP COMPANY LIMITED ( EFD GROUP )ကို  တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်းနှင့် ပူးတွဲတည်ထောင်သူ နှင့် ဒုတိယဥက္ကဋ္ဌ ဇနီးဒေါ်နန်းခင်မြင့်ရီတို့မှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

EFD GROUP သည် ကုမ္ပဏီအုပ်စုအနေဖြင့် သက်တမ်းနုနယ်သော်လည်း အဖွဲ့ဝင်ကုမ္ပဏီများမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၃၀) ခန့်မှစ၍ EFD GROUP၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်း၏ ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သော ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ် ရောင်းဝယ်ရေးကုမ္ပဏီမှ စတင်လာခဲ့ခြင်း ဖြစ်ပါသည်။

EFD GROUP၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်းသည် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် နှစ်ပေါင်းများစွာ ရိုးသားကြိုးစား အားထုတ်မှုများမှ ရရှိလာခဲ့သည့် အတွေ့အကြုံများနှင့် သူ၏ စီးပွားရေး၊ လူမှုရေး အတွေးအမြင်သစ်တို့ကို အခြေခံ၍ EFD GROUP လုပ်ငန်းစုကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို ပိုမို  တွင်ကျယ်စွာ အကျိုးပြုဆောင်ရွက်နိုင်ရန်အတွက် EXCELLENT FORTUNE FOUNDATION ( EFF FOUNDATION ) ကိုလည်း ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ တည်ထောင်ခဲ့ပါသည်။

ယခုအခါတွင် EFD GROUPရှိ ကုမ္ပဏီအစုအဖွဲ့တို့သည် မိသားစု စီးပွားရေးလုပ်ငန်းအနေအထားမှ ကဏ္ဍစုံပါဝင်သည့် စီးပွားရေး လုပ်ငန်းစုကြီးအဖြစ်သို့ အောင်မြင်စွာ ကြီးထွားလာခဲ့ပြီ ဖြစ်ပါသည်။

EFD GROUP သည် အဓိက စီးပွားရေးကဏ္ဍ (၅)ရပ်ဖြစ်သော - ငွေကြေးစီးပွားရေးကဏ္ဍ၊ မြို့ပြတည်ဆောက်ရေးနှင့်…

ဆက်ဖတ်ရန်

OUR MISSION & VISION

ကျွန်ုပ်တို့၏ရည်ရွယ်ချက်

မြန်မာနိုင်ငံ၏ လူမှုဘဝ ပိုမို ဆန်းသစ်လာစေရေးနှင့် စီးပွားရေးအင်အားများ စဉ်ဆက်မပြတ် ပိုမို ခိုင်မာ၍ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ဦးတည်၍ ထိပ်တန်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်လာ‌စေရန် ရည်ရွယ်ထားပါသည်။

ကျွန်ုပ်တို့၏မျှော်မှန်းချက်

မှန်ကန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိခြင်းဟူသော စီးပွားရေးထုံးကို နှလုံးသွင်းပြီး မြန်မာပြည်သူ တို့အတွက် ပိုမို ကောင်းမွန် တောက်ပသော အနာဂတ်များ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။

Business Sector

ငွေကြေး စီးပွားရေးကဏ္ဍ

EFD GROUP သည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အသက်အာမခံနှင့်...

ဆက်ဖတ်ရန်
မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေးကဏ္ဍ

EFD GROUP အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း အချက်အချာကျပြီး မြို့ပြတည်ဆောက်နိုင်သည့်...

ဆက်ဖတ်ရန်
သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍ

EFD GROUP သည် မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းတွင်းပေါင်း...

ဆက်ဖတ်ရန်
စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ

EFD GROUP သည် ရန်ကုန်မြို့မှ မိုင်(၇၀)ခန့် ကွာဝေးသော...

ဆက်ဖတ်ရန်
စက်မှုကဏ္ဍ

EFD GROUP သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊...

ဆက်ဖတ်ရန်

News