EFD Group မိတ်ဆက်

EXCELLENT FORTUNE DEVELOPMENT GROUP COMPANY LIMITED ( EFD GROUP )ကို  တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်းနှင့် ပူးတွဲတည်ထောင်သူ နှင့် ဒုတိယဥက္ကဋ္ဌ ဇနီးဒေါ်နန်းခင်မြင့်ရီတို့မှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

EFD GROUP သည် ကုမ္ပဏီအုပ်စုအနေဖြင့် သက်တမ်းနုနယ်သော်လည်း အဖွဲ့ဝင်ကုမ္ပဏီများမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၃၀) ခန့်မှစ၍ EFD GROUP၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်း၏ ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သော ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ် ရောင်းဝယ်ရေးကုမ္ပဏီမှ စတင်လာခဲ့ခြင်း ဖြစ်ပါသည်။

EFD GROUP၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်းသည် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် နှစ်ပေါင်းများစွာ ရိုးသားကြိုးစား အားထုတ်မှုများမှ ရရှိလာခဲ့သည့် အတွေ့အကြုံများနှင့် သူ၏ စီးပွားရေး၊ လူမှုရေး အတွေးအမြင်သစ်တို့ကို အခြေခံ၍ EFD GROUP လုပ်ငန်းစုကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို ပိုမို  တွင်ကျယ်စွာ အကျိုးပြုဆောင်ရွက်နိုင်ရန်အတွက် EXCELLENT FORTUNE FOUNDATION ( EFF FOUNDATION ) ကိုလည်း ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ တည်ထောင်ခဲ့ပါသည်။

ယခုအခါတွင် EFD GROUPရှိ ကုမ္ပဏီအစုအဖွဲ့တို့သည် မိသားစု စီးပွားရေးလုပ်ငန်းအနေအထားမှ ကဏ္ဍစုံပါဝင်သည့် စီးပွားရေး လုပ်ငန်းစုကြီးအဖြစ်သို့ အောင်မြင်စွာ ကြီးထွားလာခဲ့ပြီ ဖြစ်ပါသည်။

EFD GROUP သည် အဓိက စီးပွားရေးကဏ္ဍ (၅)ရပ်ဖြစ်သော -…

ဆက်ဖတ်ရန်

ရည်ရွယ်ချက် နှင့် မျှော်မှန်းချက်

ကျွန်ုပ်တို့၏ရည်ရွယ်ချက်

မြန်မာနိုင်ငံ၏ လူမှုဘဝ ပိုမို ဆန်းသစ်လာစေရေးနှင့် စီးပွားရေးအင်အားများ စဉ်ဆက်မပြတ် ပိုမို ခိုင်မာ၍ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ဦးတည်၍ ထိပ်တန်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်လာ‌စေရန် ရည်ရွယ်ထားပါသည်။

ကျွန်ုပ်တို့၏မျှော်မှန်းချက်

မှန်ကန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိခြင်းဟူသော စီးပွားရေးထုံးကို နှလုံးသွင်းပြီး မြန်မာပြည်သူ တို့အတွက် ပိုမို ကောင်းမွန် တောက်ပသော အနာဂတ်များ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။

ကော်ပိုရိတ်တန်ဖိုး

အကောင်းဆုံးကိုရည်မှန်းလျက်

ဂုဏ်သိက္ခာကြီးမြင့်မှု၊ အရည်အသွေးပြည့်ဝမှုနှင့် ဆန်းသစ်တီထွင်မှု

ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာကြီးမြင့်မှု၊ မှန်ကန်မျှတမှုနှင့် ပွင့်လင်းမြင်သာရှိမှု ဟူသော စီးပွားရေးမူဝါဒကို လက်ကိုင်ထားပါသည်။ အကောင်းဆုံးသော ရလဒ်များကို ခံစားရရှိနိုင်ရန် အရည်အသွေးမြင့် ဝန်ဆောင်မှုများနှင့် ဆန်းသစ်တီထွင်သော လုပ်ဆောင်မှုများကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါသည်။

အနာဂတ် အခွင့်အလမ်းကောင်းများ

စီးပွားဖက်များ၊ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွက် ပိုမို ပြည့်စုံပြီး သာလွန်ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စီးပွားဖက်များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဆက်ဆံမှုမျိုးကို ပိုမို ခိုင်မြဲအောင် ကြိုးပမ်း ကြံဆောင်လျက် ရှိပါသည်။ အပြန်အလှန် ယုံကြည်ကိုးစားမှုကို အရင်းတည်လျက် တစ်စုတစ်ပေါင်းတည်း အဖွဲ့အစည်းတစ်ခု အနေဖြင့် ရည်မှန်းထားသော ပန်းတိုင်ကို အရောက်သွားရန် ဖော်ဆောင်ကြိုးစားလျက် ရှိပါသည်။

ဖွံဖြိုးတိုးတက်မှု

ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် ပတ်ဝန်းကျင်ကောင်း

EFD GROUP သည် လုပ်ဖော်ကိုင်ဖက်များ၊ အသင်းအဖွဲ့များနှင့် စီးပွားဖက်များအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ပတ်ဝန်းကျင် ရေရှည်တည်တံ့ ခိုင်မြဲစေရေး အတွက်လည်း အစဉ်အမြဲ ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါသည်။