ကျွန်ုပ်တို့၏မှတ်တိုင်များ

၂၀၁၉

၂၀၁၈

၂၀၁၆

၂၀၁၅

၂၀၁၃

၂၀၁၂

၂၀၀၆

၂၀၀၃

၁၉၉၂

အောင်မြင်မှု နောက်တစ်ဆင့်သို့ တက်လှမ်းရောက်ရှိခြင်း

စက်မှုဥယျာဥ်မြို့တော်၊ စီးပွားရေးလုပ်ငန်းများနှင့် လူနေအိမ်ရာများ ပါဝင်သည့် EFD ECO BUSINESS PARK စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းမကြီးနှင့် အမှတ်(၇)မြို့ပတ်လမ်း တို့ ဆုံရာ၌ တည်ရှိသည့် မြေဧက (၅၅၀) တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအား (၅) နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည် ဖြစ်ပါသည်။

ကဏ္ဍအသစ်ကို ထိုးဖောက်ခြင်း

၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် Myanmar Expo ပါဝင်သော Fortune Plaza စီမံကိန်းကို ဆောက်လုပ် ပြီးစီးခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် ကုမ္ပဏီကိုယ်ပိုင်မြေ (၁၆) ဧကပေါ်တွင် လက်လီ၊ လက်ကား ရောင်းဝယ်ဖောက်ကားနိုင်သည့်‌ နိုင်ငံတကာအဆင့်မီ ကုန်စည်ပြပွဲများ ကျင်းပနိုင်သော မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာနှင့် အကြီးမားဆုံးထဲမှ တစ်ခုဖြစ်သော ပြခန်းနှင့် ကုန်စည်ပြပွဲခန်းမ ဖြစ်လာခဲ့ပါသည်။

လူမှုအဖွဲ့အစည်းကို အကျိုးပြုခြင်း

၂၀၁၆ ခုနှစ်တွင် EFD GROUP ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်းသည် လူမှုအဖွဲ့အစည်းအား ပိုမို ထိရောက်စွာ အကျိုးပြု ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုအဆင့် ပရဟိတ လူမှုရေးအသင်းအဖွဲ့ဖြစ်သည့် EXCELLENT FORTUNE FOUNDATION ( EFF FOUNDATION )ကို တည်ထောင်ပြီး လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမို ကျယ်ပြန့်စွာ လုပ်ကိုင်ခဲ့ပါသည်။

EFF Foundation အနေဖြင့် ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူနေမှုဘဝ မြှင့်တင်ပေးရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

ဖွံ့ဖြိုးတိုးတက်မှု အသစ်များ

EFD GROUP သည် ပင်မ စီးပွားရေးလုပ်ငန်းများနှင့် အခြားသော ဆက်စပ်စီးပွားရေး လုပ်ငန်းများတွင်လည်း အောင်မြင်မှုများ ပိုမို ရရှိလာခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ Jidong Development Co., Ltd. နှင့် အကျိုးတူ ပူးပေါင်း၍ Myanmar Jidong Cement Co., Ltd အနေဖြင့် နိုင်ငံတော်ပိုင် အမှတ်(၃၁) အကြီးစားစက်ရုံ(သရက်) ဘိလပ်မြေစက်ရုံကို နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး မြင်းခေါင်းတံဆိပ်ဘိလပ်မြေကို ထုတ်လုပ် ဖြန့်ဖြူးခဲ့ပါသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအနီးရှိ မြို့တော်ဘိလပ်မြေစက်ရုံ (ပြည်ညောင်)တွင် နောက်ဆုံးနည်းစဉ် အသစ်ဖြစ်သည့် New Dry Process ဖြင့် တစ်ရက်လျှင် ဘိလပ်မြေ တန် (၆,၀၀၀)ကျ (၂)လိုင်း ပါရှိသည့် နိုင်ငံတကာအဆင့်မီ ဘိလပ်မြေစက်ရုံကို ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း (၆၀၀)ခန့် ရင်းနှီးမြှုပ်နှံ၍ မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ဘိလပ်မြေစက်ရုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

EFD GROUP ၏ မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေးလုပ်ငန်း အနေဖြင့် Myanmar Expo ပါဝင်သော Fortune Plaza စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်တွင် စတင် တည်ဆောက်နိုင်ခဲ့ပါသည်။

အာမခံလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခြင်း

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ ပုဂ္ဂလိကအာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ကို ပြန်လည်၍ ခွင့်ပြုပေးခဲ့ပါသည်။
EFD GROUP အနေဖြင့် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးစီးပွားရေးကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကောင်းများကို ရရှိခဲ့ပြီး အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းများကို EXCELLENT FORTUNE INSURANCE COMPANY LIMITED ဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိခဲ့သည့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်း (၈)ခုထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။

EFD GROUPကို တည်ထောင်ခြင်း

၂၀၁၂ ခုနှစ်တွင် EFD GROUP ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်းနှင့် EFD GROUP ၏ ပူးတွဲတည်ထောင်သူ နှင့် ဒုတိယဥက္ကဋ္ဌ  ဇနီးဒေါ်နန်းခင်မြင့်ရီတို့သည် အဖက်ဖက်တွင် အောင်မြင်မှုများရရှိပြီး ပိုမို တိုးတက် ကျယ်ပြန့်လာသော စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲမှု လွယ်ကူစေရန်နှင့် ပိုမို စုစည်းခိုင်မာစေရန် ရည်ရွယ်၍ ပုဂ္ဂလိကပိုင် ကုမ္ပဏီအုပ်စုကို တည်ထောင်ခဲ့ပါသည်။

ဤသို့ဖြင့် EXCELLENT FORTUNE DEVELOPMENT GROUP COMPANY LIMITED ( EFD GROUP )သည် အောင်မြင်ခြင်း ကျက်သရေမင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံစွာသန္ဓေတည်၍ ၂၀၁၂ ခုနှစ်တွင် ပေါ်ထွန်းလာခဲ့ပါသည်။

စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ရင်းနှီးမြုပ်နှံခြင်း

၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ ပုဂ္ဂလိက ကျွန်းစိုက်ပျိုးခြင်းလုပ်ငန်းကို စတင် ခွင့်ပြုခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှုများ ပိုမို ရရှိလာသည်နှင့်အမျှ EFD GROUP ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်းသည် စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ၌ ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ရာ မြန်မာနိုင်ငံတွင် အဘက်ဘက်မှ အောင်မြင်မှု အရှိဆုံးနှင့် အကြီးမားဆုံးသော ပုဂ္ဂလိက ကျွန်းစိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။

စီးပွားရေး စိန်ခေါ်မှုနှင့် စွန့်စားမှုအသစ်များ

၂၀၀၃ ခုနှစ်တွင် EFD GROUP ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်းသည် စီးပွားရေးလုပ်ငန်းများ ပိုမို တိုးချဲ့ လုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများကို ထပ်မံတွေ့ရှိခဲ့ပြီး ပြည်တွင်း၌ မော်တော်ယာဉ်အစိတ်အပိုင်းများ တပ်ဆင် ထုတ်လုပ်ရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။

ထိုအချိန်ကာလများတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အောင်မြင်မှုအရှိဆုံး ပြည်တွင်းမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့သည့် လူငယ်စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများ အစပျိုးခြင်း

၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို ပိုမို အားပေးသည့်အနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများ တည်ထောင်ခြင်းကို ပြန်လည် ခွင့်ပြုပေးခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် EFD GROUP ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်းသည် သူ၏ ပထမဦးဆုံးကုမ္ပဏီအဖြစ် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ် ရောင်းဝယ်ရေးကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါသည်။

EFD GROUP တည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာချုပ် ဦးစိုင်းမျိုးဝင်းသည် ဖြတ်သန်းလာသည့် ဘဝအတွေ့အကြုံများ၊ ခိုင်မာတောင့်တင်းသော မိသားစုစီးပွားရေးအင်အားနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ရရှိလာသော မိတ်ဆွေ သင်္ဂဟများ၏ အဆက်အသွယ်များဖြင့် စီးပွားရေးလုပ်ငန်းများကို စွန့်ဦးတီထွင် ဆောင်ရွက်ခဲ့ပါသည်။