ဥက္ကဋ္ဌ၏အမှာစကား

Chairman's Image ဦးစိုင်းမျိုးဝင်း
တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်

မြန်မာ့ဈေးကွက်စီးပွားရေး ပွင့်လင်းဖွံ့ဖြိုးလာသည်နှင့်အမျှ ပြည်တွင်းဈေးကွက်တွင် အပြုသဘောဆောင်သည့် အပြောင်းအလဲကောင်းများနှင့် အခွင့်အလမ်းအသစ်များ ပေါ်ထွက်လာသည်ကို တွေ့မြင်မိပါသည်။ ဤကဲ့သို့ စိတ်ဝင်စားဖွယ်ရာ အခွင့်အလမ်းများကို လက်တွေ့အမိအရ အသုံးချနိုင်ရန်အတွက် ကျွန်ုပ်တို့၏EFD GROUP ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ခေတ်သစ် မြန်မာ့စွန့်ဦးတီထွင်သူများအနေဖြင့် အဆိုပါအခွင့်အလမ်းများကို အမြဲ စိတ်ဝင်တစား မျက်စိဖွင့် နားစွင့်လျက်ရှိပါသည်။ အဖွဲ့အစည်း၏ အဓိကရည်မှန်းချက်မှာ မှန်ကန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိခြင်းဟူသော စီးပွားရေးထုံးကို နှလုံးမူရန် ဖြစ်ပါသည်။

“အကောင်းဆုံးသို့ ဦးတည်လျက်” ဟူသော ကျွန်ုပ်တို့၏ ဆောင်ပုဒ်အတိုင်း ကျွန်ုပ်တို့သည် ပြည်တွင်းပြည်ပမှ ဂုဏ်သရေရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် အခွင့်အလမ်းကောင်းများကို အမိအရဖမ်းဆုပ်၍ တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် အစဥ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

EFD GROUP အနေဖြင့် အဆိုပါ ကောင်းမွန်သည့် အခွင့်အလမ်းများကို အသုံးပြု၍ ပြည်တွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များ၊ သဘာဝ အရင်းအမြစ်များနှင့် ရင်းနှီးငွေများကို အသုံးပြုလျက် စီးပွားဖက်များ အတွက်သာမက လူမှုအဖွဲ့အစည်းများ အတွက်ပါ ပိုမို အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆင့်မြင့် နည်းပညာများ၊ ခေတ်သစ် စီမံခန့်ခွဲမှု နည်းစနစ်များကို ကြံဆဖော်ထုတ်သွားရန် ရည်ရွယ်ထားပါသည်။

ထို့အပြင် ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုဘဝ မြှင့်တင်ပေးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အထောက်အကူပြု တက်ကြွစွာ ပိုမို ပါဝင်ဆောင်ရွက်နိုင်ရန် Excellent  Fortune  Foundation ( EFF Foundation ) လူမှုရေးအသင်းအဖွဲ့ကို တည်ထောင်၍ ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိပါသည်။

ကျွန်ုပ်တို့ EFD GROUP သည် မြန်မာပြည်သူများ၏ လူမှုဘဝ ပိုမို ဆန်းသစ်ကောင်းမွန်လာစေရေးနှင့် စီးပွားရေးအင်အား စဉ်ဆက်မပြတ် ခိုင်မာလာစေရေးကို ဦးတည်လျက် အခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးလျက်ရှိပြီး ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသည့် ပုဂ္ဂလိကစီးပွားရေးအုပ်စု အဖွဲ့အစည်းတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်တည်လျက် ရှိပါသည်။

ဦးစိုင်းမျိုး၀င်း
တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်