ငွေကြေး စီးပွားရေးကဏ္ဍ

EFD GROUP သည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်းများနှင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လိုင်စင်များ အစရှိသည့် ငွေကြေးလုပ်ငန်းဆိုင်ရာ လိုင်စင်များ အားလုံးနီးပါး ရရှိထားသည့် ငွေကြေးစီးပွားရေးလုပ်ငန်းစု (၆)ခုထဲမှ (၁)ခုဖြစ်ပါသည်။ အဆိုပါ ငွေကြေးစီးပွားရေးလိုင်စင်များမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ထုတ်ပေးထားသော ကန့်သတ်လိုင်စင်များ ဖြစ်ပါသည်။
EFD GROUP အနေဖြင့် ဘဏ်လုပ်ငန်းကို Farmers Development Bank – Mandalay (FDB Bank)၊ အသက်အာမခံလုပ်ငန်းကို EXCELLENT FORTUNE LIFE INSURANCE COMPANY LIMITED ( EFIL ) နှင့် အထွေထွေအာမခံလုပ်ငန်းကို EXCELLENT FORTUNE GENERAL INSURANCE COMPANY LIMITED ( EFIG )၊ ငွေရေးကြေးရေးလုပ်ငန်းကို EXCELLENT FORTUNE FINANCE COMPANY LIMITED ( EFFCL ) နှင့် အခြားအသေးစား ငွေရေးကြေးရေးလုပ်ငန်း (၂)ခုကို EXCELLENT FORTUNE MICROFINANCE COMPANY LIMITED (EFM) နှင့် BRIGHT PEARL MICROFINANCE COMPANY LIMITED (BPM) တို့ဖြင့် လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။

အာမခံလုပ်ငန်း

EFD GROUP သည် ၂၀၁၃ ခုနှစ်တွင် EXCELLENT FORTUNE INSURANCE COMPANY LIMITED ဖြင့် အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းလိုင်စင်များ ရရှိခဲ့ပြီး ကနဦး မတည်ရင်းနှီးငွေ မြန်မာငွေကျပ် (၄၆) ဘီလီယံဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး‌သော ပုဂ္ဂလိက အာမခံလုပ်ငန်းလိုင်စင်များ ပိုင်ဆိုင်ထားသည့် စီးပွားရေး လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ ပုဂ္ဂလိက အာမခံလုပ်ငန်း အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်စေလိုသော ရည်ရွယ်ချက်ဖြင့် အသက်အာမခံလုပ်ငန်းနှင့် အထွေထွေအာမခံလုပ်ငန်းများကို ကုမ္ပဏီသီးခြားစီ...

ဆက်ဖတ်ရန်
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (မန္တလေး)

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (မန္တလေး)ကို မြန်မာနိုင်ငံတွင် ထိပ်တန်းအဆင့် ဒစ်ဂျစ်တယ် နည်းပညာဦးစားပေးသည့် အသေးစားနှင့်အလတ်စား စီးပွားရေးဘဏ်ဖြစ်လာရန် ရည်မှန်းထားပါသည်။ FDB Bankသည် ၂၀၂၀ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ယာယီခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကူးသန်းရောင်းဝယ်ရေးဘဏ် အဖြစ် စတင်လည်ပတ်ခဲ့ပါသည်။ ငွေအပ်နှံသူများအတွက် လျင်မြန်ပြီး ပွင့်လင်းမြင်သာသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (မန္တလေး) သည် ဒီဂျစ်တယ် စတင်အသုံးပြုခြင်း၊ ဇီဝတိုင်းတာမှုဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် အလိုအလျောက် ချေးငွေ ခွဲခြမ်းစိတ်ဖြာခြင်း ကဲ့သို့သော နောက်ဆုံးပေါ် ဘဏ်လုပ်ငန်း...

ဆက်ဖတ်ရန်
ငွေရေးကြေးရေးလုပ်ငန်း

EXCELLENT FORTUNE FINANCE COMPANY LIMITED ( EFFCL )သည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော လိုင်စင်ရ ငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီ (၂၉)ခုထဲမှ (၁)ခု ဖြစ်ပါသည်။ ​EXCELLENT FORTUNE FINANCE COMPANY LIMITED ( EFFCL ) သည် အများပြည်သူထံမှ အပ်နှံငွေ မယူဘဲ ကုန်ပစ္စည်း(သို့မဟုတ်) ဝန်ဆောင်မှု ဝယ်ယူခြင်းအတွက် ချေးငွေထုတ်ပေးသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ဆက်ဖတ်ရန်
အသေးစား ငွေရေးကြေးရေးလုပ်ငန်း

EFD GROUP သည် အသေးစားစီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် EXCELLENT FORTUNE MICROFINANCE COMPANY LIMITED ( EFM ) နှင့် BRIGHT PEARL MICROFINANCE COMPANY LIMITED ( BPM ) တို့ဖြင့် အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ဆက်ဖတ်ရန်