သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍ

EFD GROUP သည် မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းတွင်းပေါင်း များစွာကို ပိုင်ဆိုင်ထားပြီး၊ သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းသည် EFD GROUP ၏ လက်ငုတ်စီးပွားရေးတစ်ခု ဖြစ်ပါသည်။

EFD GROUP ၏ ကျောက်စိမ်းကျောက်မျက် လုပ်ကွက်များသည် ကမ္ဘာ့အကောင်းဆုံးသော ပတ္တမြား၊ နီလာနှင့် ကျောက်စိမ်းများ ထွက်ရှိရာအဖြစ် နာမည်ကြီးသည့် လုပ်ကွက်များ ဖြစ်ပြီး၊ ထွက်ရှိသည့် ကျောက်မျက်ရတနာများကို ပြည်တွင်းနှင့် နိုင်ငံတော်မှ ကျင်းပသည့် ကျောက်မျက်ရတနာ ပြပွဲများမှတဆင့် ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။

ထို့အပြင် EFD GROUP သည် အဖြိုက်နက်၊ အလှဆင်ကျောက်၊ ရွှေနှင့် အခြားသော အဖိုးတန် သတ္တုတွင်းထွက် ပစ္စည်းများကို တူးဖော်ထုတ်လုပ်ရန် ပဏာမ စမ်းသပ်တိုင်းတာမှုများနှင့် လေ့လာဆန်းစစ်မှုများကို ပြုလုပ်လျက် ရှိပါသည်။