မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေးကဏ္ဍ

EFD GROUP အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း အချက်အချာကျပြီး မြို့ပြတည်ဆောက်နိုင်သည့် မြေနေရာများကို ပိုင်ဆိုင်ထားပြီး နိုင်ငံတကာအဆင့်မီ စီးပွားရေး အဆောက်အဦများ၊ လူနေအိမ်ရာများ၊  ဗီလာများ၊ အနားယူ အပန်းဖြေနိုင်မည့် ပင်လယ်ကမ်းခြေ ဥယျာဉ်မြို့တော်နှင့် စက်ရုံအလုပ်ရုံများ ဆောက်လုပ်ရန် ရည်ရွယ်ထားပါသည်။

Fortune Plaza စီမံကိန်း

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်ရှိ ကုမ္ပဏီကိုယ်ပိုင်မြေ မြေဧရိယာ (၁၆) ဧကပေါ်တွင် တည်ဆောက်ထားသော Myanmar Expo ပါရှိသည့် FORTUNE PLAZA သည် လက်လီ၊ လက်ကား ရောင်းဝယ်ဖောက်ကားနိုင်ပြီး‌ နိုင်ငံတကာအဆင့်မီ ကုန်စည်ပြပွဲများ ကျင်းပနိုင်သော မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာနှင့် အကြီးမားဆုံးထဲမှ တစ်ခုဖြစ်သည့် ပြခန်းနှင့် ကုန်စည်ပြပွဲခန်းမ ပါဝင်သော စီးပွားရေးဥယျာဉ်တစ်ခုအဖြစ် ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ပြီးစီးခဲ့ပါသည်။

ဆက်ဖတ်ရန်
EFD KINGSKY INTERNATIONAL TRADE CITY စီမံကိန်း

EFD KINGSKY INTERNATIONAL TRADE CITY စီမံကိန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် တည်ရှိပါသည်။ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံး လက်ကားရောင်းဝယ်ရေးစင်တာတစ်ခုဖြစ်သည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ရေထွက်ပစ္စည်းများနှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများကို လက်လီလက်ကား ဝယ်ယူရရှိနိုင်သော ဘုရင့်နောင်ပွဲရုံနှင့် ဘုရင့်နောင်ဈေး အနီးတွင် တည်ရှိပါသည်။ စီမံကိန်းသည် မြေဧရိယာ (၃၂)ဧကကျော် ကျယ်ဝန်းပြီး၊ အဆောက်အဦဧရိယာ စတုရန်းပေ (၄,၃၀၀,၀၀၀) ကျော်ရှိသော နိုင်ငံတကာအဆင့်မီ ရောင်းဝယ်ရေးစင်တာများ၊ လူနေအိမ်ခန်းများနှင့် ရုံးခန်းများကို စတင်ဆောက်လုပ်လျက်ရှိပြီး ၂၀၂၃...

ဆက်ဖတ်ရန်
EFD ECO BUSINESS PARK စီမံကိန်း

စက်မှုဥယျာဉ်မြို့တော်၊ စီးပွားရေးလုပ်ငန်းများနှင့် လူနေအိမ်ရာများ ပါဝင်သည့် EFD ECO BUSINESS PARK စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းမကြီးနှင့် အမှတ်(၇) မြို့ပတ်လမ်းတို့ ဆုံရာ၌ တည်ရှိသည့် မြေဧက (၅၅၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအား (၅) နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည် ဖြစ်ပါသည်။

ဆက်ဖတ်ရန်
EFD CENTER စီမံကိန်း

EFD CENTER စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် တည်ရှိပြီး ရန်ကုန်မြို့၏ ဗဟိုအချက်အချာဖြစ်သည့် ဆူးလေဘုရားမှ မီတာ (၈၀၀)အကွာ မြို့လယ်ဧရိယာတွင် တည်ရှိပါသည်။ စီမံကိန်းမြေဧရိယာမှာ (၃)ဧကကျော် ကျယ်ဝန်းပြီး အဆောက်အဦဧရိယာ စတုရန်းပေ (၁,၂၀၀,၀၀၀)ကျော် ရှိသော နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာနှင့် လူနေတိုက်ခန်းများပါဝင်၍ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ကာ ၂၀၂၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ရန်ကုန်မြို့၏ ခေတ်မီသည့် Land Mark တစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွက်လာမည်...

ဆက်ဖတ်ရန်
-