စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ

EFD GROUP သည် ရန်ကုန်မြို့မှ မိုင်(၇၀)ခန့် ကွာဝေးသော ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီမြို့နယ်တို့တွင် ပုဂ္ဂလိက ကျွန်းစိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

၂၀၀၆ ခုနှစ်တွင် စတင် စိုက်ပျိုးခဲ့သော EFD GROUP ၏ ကျွန်းစိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အဖက်ဖက်မှ အောင်မြင်မှု အရှိဆုံးနှင့် အကြီးမားဆုံးဖြစ်ပြီး မြေဧရိယာ ဧက(၃၀,၀၀၀)ကျော် ကျယ်ဝန်းပါသည်။

ယခုအခါတွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်း တည်ထောင်ခြင်းနှင့် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ဂုဏ်သရေရှိ ပြည်ပရင်းနှီးမြုပ်နှံသူများနှင့် ပူးတွဲလုပ်ကိုင်လျက် ရှိပြီး အဆိုပါ ကျွန်းစိုက်ခင်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံကျော် ရှိကြောင်း PricewaterhouseCoopers (PwC)မှ ၂၀၁၇ ခုနှစ်တွင် တန်ဖိုးဖြတ် တွက်ချက်ပေးခဲ့ပါသည်။

 

တည်နေရာ

ရန်ကုန်မြို့မှ မိုင်(၇၀)ခန့် ကွာဝေးသော ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီမြို့နယ်

ဧရိယာ

ဧက ၃၀,၀၀၀ ကျော်

တန်ဖိုး

အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ