EFD Group မိတ်ဆက်

EXCELLENT FORTUNE DEVELOPMENT GROUP COMPANY LIMITED ( EFD GROUP )ကို  တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်းနှင့် ပူးတွဲတည်ထောင်သူ နှင့် ဒုတိယဥက္ကဋ္ဌ ဇနီးဒေါ်နန်းခင်မြင့်ရီတို့မှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

EFD GROUP သည် ကုမ္ပဏီအုပ်စုအနေဖြင့် သက်တမ်းနုနယ်သော်လည်း အဖွဲ့ဝင်ကုမ္ပဏီများမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၃၀) ခန့်မှစ၍ EFD GROUP၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်း၏ ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သော ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ် ရောင်းဝယ်ရေးကုမ္ပဏီမှ စတင်လာခဲ့ခြင်း ဖြစ်ပါသည်။

EFD GROUP၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးစိုင်းမျိုးဝင်းသည် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် နှစ်ပေါင်းများစွာ ရိုးသားကြိုးစား အားထုတ်မှုများမှ ရရှိလာခဲ့သည့် အတွေ့အကြုံများနှင့် သူ၏ စီးပွားရေး၊ လူမှုရေး အတွေးအမြင်သစ်တို့ကို အခြေခံ၍ EFD GROUP လုပ်ငန်းစုကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို ပိုမို  တွင်ကျယ်စွာ အကျိုးပြုဆောင်ရွက်နိုင်ရန်အတွက် EXCELLENT FORTUNE FOUNDATION ( EFF FOUNDATION ) ကိုလည်း ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ တည်ထောင်ခဲ့ပါသည်။

ယခုအခါတွင် EFD GROUPရှိ ကုမ္ပဏီအစုအဖွဲ့တို့သည် မိသားစု စီးပွားရေးလုပ်ငန်းအနေအထားမှ ကဏ္ဍစုံပါဝင်သည့် စီးပွားရေး လုပ်ငန်းစုကြီးအဖြစ်သို့ အောင်မြင်စွာ ကြီးထွားလာခဲ့ပြီ ဖြစ်ပါသည်။

EFD GROUP သည် အဓိက စီးပွားရေးကဏ္ဍ (၅)ရပ်ဖြစ်သော – ငွေကြေးစီးပွားရေးကဏ္ဍ၊ မြို့ပြတည်ဆောက်ရေးနှင့် မြေယာဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍ၊ သတ္တု တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ စသည့် နယ်ပယ်ကဏ္ဍများတွင် စီးပွားရေး ဖွံ့ဖြိုးကြီးထွားမှု လျင်မြန်သော ကုမ္ပဏီလုပ်ငန်းစုကြီးအဖြစ်သို့ တိုးတက်၊ ပြောင်းလဲ လာခဲ့ပါသည်။

EFD GROUPသည် ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုဘဝ မြှင့်တင်ပေးရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အထောက်အကူပြု တက်ကြွစွာ ပိုမို ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် EXCELLENT FORTUNE FOUNDATION ( EFF FOUNDATION ) အမည်ဖြင့် ပြည်ထောင်စုအဆင့် ပရဟိတအဖွဲ့အစည်းတစ်ခုကိုလည်း တည်ထောင်ခဲ့ပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့ EFD GROUP ၏ အဓိက ရည်မှန်းချက်မှာ မြန်မာပြည်သူများ၏ လူမှုဘဝ ပိုမို  ဆန်းသစ် ကောင်းမွန်လာစေရေးနှင့်  စီးပွားရေး စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်လျက် အခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးလျက်ရှိပြီး ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသည့် ပုဂ္ဂလိကစီးပွားရေးအုပ်စု အဖွဲ့အစည်းတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်တည်ရန် ဖြစ်ပါသည်။

EFD GROUP အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးကဏ္ဍ လုပ်ငန်းစုများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ တိုးတက်ရေး၊ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရေးတို့အတွက် ဝန်ထမ်းများအတွက်သာမက စီမံခန့်ခွဲမှုအဆင့် အရာထမ်းများကိုပါ သက်ဆိုင်ရာအဆင့်အလိုက် လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ကိုင်နိုင်စွမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှု တည်ဆောက်ပေးခြင်း၊ အစီအစဥ်ကောင်းများ ဖန်တီးပေးခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

EFD GROUP ၏ အဓိက မျှော်မှန်းချက်သည် မှန်ကန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိခြင်း ဟူသော စီးပွားရေးထုံးကို နှလုံးသွင်းပြီး မြန်မာပြည်သူ တို့အတွက် ပိုမို ကောင်းမွန် တောက်ပသော အနာဂတ်များ ဖန်တီးပေးနိုင်ရန် ဖြစ်ပါသည်။

ထို့အပြင် မြန်မာပြည်သူများ ပိုမို ကြီးပွားတိုးတက်ရေးအတွက် ရေရှည် တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေးတို့ကို ဦးတည်လျက် ပရဟိတ လုပ်ငန်းစဉ်များကိုလည်း ဆက်လက်၍ ပိုမို ပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့် စီးပွားရေးမူဝါဒနှင့်အတူ ကမ္ဘာ့စီးပွားရေးဈေးကွက်ကို ပိုမို ရင်းနှီး ကျွမ်းဝင်လာသည်နှင့်အမျှ EFD GROUP သည် “Driven To EXCELLENCE” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားလျက် မြန်မာနိုင်ငံအား အဖက်ဖက်မှ ပိုမို  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရရှိလာသော ကောင်းမွန်သည့် အခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်နိုင်ရန် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်၍ ဆောင်ရွက်လျက် ရှိပါသည်။

EFD GROUP အနေဖြင့် အဆိုပါ ကောင်းမွန်သည့် အခွင့်အလမ်းများကို အသုံးပြု၍ ပြည်တွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များ၊ သဘာဝ အရင်းအမြစ်များနှင့် ရင်းနှီးငွေများကို အသုံးပြုလျက် စီးပွားဖက်များ အတွက်သာမက လူမှုအဖွဲ့အစည်းများ အတွက်ပါ ပိုမို အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆင့်မြင့် နည်းပညာများ၊ ခေတ်သစ် စီမံခန့်ခွဲမှု နည်းစနစ်များကို မျှဝေပေးရန် ရည်ရွယ်ထားပါသည်။

EFD GROUP သည် မြန်မာနိုင်ငံ၏ လူမှုဘဝ ပိုမို ဆန်းသစ်လာစေရေးနှင့် စီးပွားရေးအင်အားများ စဉ်ဆက်မပြတ် ပိုမို ခိုင်မာလာစေရေး တို့ကို ရည်သန်လျက် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိစေမည့် အခွင့်အလမ်းများကို လက်ကမ်းကြိုဆိုလျက် ရှိပါသည်။