Excellent Fortune Development Group Company Limited ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပခြင်း

  • Excellent Fortune Development Group Company Limited ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး (Annual General Meeting)ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် (သောကြာနေ့) နံနက် (၉း၀၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
  • အစည်းအဝေးကို ကုမ္ပဏီ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၊ ပူးတွဲတည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီနှင့် ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူများ၊ ဌာနမှူးများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
  • အစည်းအဝေးတွင် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
  • ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်ကော်မတီမှ တင်ပြသည့် စာရင်းစစ်အစီရင်ခံစာကို အစည်းအဝေးတက်ရောက်သူများ အားလုံးက ကန့်ကွက်ရန်မရှိကြသဖြင့် အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
  • သက်ဆိုင်ရာ ဌာနမှူးများမှ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဌာနအလိုက် ပြီးစီးအောင်မြင်မှုများနှင့် ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဌာနအလိုက် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။
  • လက်ရှိဖြစ်ပေါ်နေသည့် COVID – 19 ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံတွင်းဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများကြောင့် လုပ်ငန်းများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးနှင့် လုပ်ငန်းလည်ပတ်မှုများ ပိုမိုအဆင်ပြေချောမွေ့နိုင်စေရေးအတွက် Business Continuity Plan များကိုလည်း ဆွေးနွေး အတည်ပြုခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁၂း၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။