COVID – 19 ရောဂါ သံသယရှိ ဝန်ထမ်းများအတွက် ပံ့ပိုးပေးခြင်း

  • Excellent Fortune Development Group (EFD GROUP) ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ လမ်းညွှန်မှုဖြင့် EFD GROUP ရှိ ဝန်ထမ်းများနှင့် ၎င်းတို့နှင့် အတူနေမိသားစုဝင်များ COVID – 19 ရောဂါ သံသယရှိပါက အမြန်ဆုံး စစ်ဆေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု တရားဝင် ဆေးခန်း၊ ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်၍ Rapid Test Kit များ အသင့်ပြင်ဆင်ထားရှိပေးထားပြီး မတော်တဆ ကူးစက်မှု ရှိခဲ့ပါက သက်ဆိုင်ရာ ကုသရေးဌာနများတွင် အမြန်ဆုံး ကုသမှုခံယူနိုင်ရန်နှင့် လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးဝါးများ အမြန်ဆုံး ရရှိနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
  • COVID – 19 အတည်ပြုဝန်ထမ်းနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ အတူနေမိသားစုဝင်များအတွက် Hotel Quarantine များကိုလည်း ကုမ္ပဏီ၏ ကုန်ကျစရိတ်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။