၂၀၂၂ အတွက် EFD ရှိ လုပ်ငန်းတစ်ခုချင်းစီ၏ မဟာဗျူဟာများရေးဆွဲဆွေးနွေးခြင်း

  • ၂၀၂၂ အတွက် EFD ရှိ လုပ်ငန်းတစ်ခုချင်းစီ၏ မဟာဗျူဟာများရေးဆွဲဆွေးနွေးခြင်း ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် (တနင်္လာနေ့) နံနက် (၈း၀၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
  • အစည်းအဝေးကို ကုမ္ပဏီ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၊ ပူးတွဲတည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီနှင့် ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူများ၊ ဌာနမှူးများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
  • အစည်းအဝေးတွင် ကုမ္ပဏီရှိ လုပ်ငန်းများနှင့် ဌာနတစ်ခုချင်းစီ၏ ၂၀၂၂ အတွက် ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများနှင့် အတည်ပြုခြင်းများနှင့် ထိုရည်မှန်းချက်များအား ပြည့်မှီစေရန် ဥက္ကဋ္ဌမှ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
  • ကိုဗစ်ကပ်ရောဂါ အပါအဝင် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့အရေး၊ နိုင်ငံအရေးများ၏ ရိုက်ခတ်မှုများကြောင့် ကုမ္ပဏီရှိ လုပ်ငန်းများနှင့် ဌာနတစ်ခုချင်းစီ၏ ချမှတ်ထားသော ဗျူဟာများအပေါ် သက်ရောက်နိုင်မှုများ၊ စိန်ခေါ်မှုများနှင့် ထိုအခက်အခဲများအား ထိခိုက်မှုအနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။
  • ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များမှ မဟာဗျူဟာများကို ရေးဆွဲအတည်ပြုခဲ့ပြီး အစည်းအဝေးကို ည (၇း၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။