လူပုဂ္ဂိုလ်ဆိုင်ရာ အမြင့်ဆုံး သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော်များ ဖြစ်ကြသည့် “အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ” ဘွဲ့ကို EXCELLENT FORTUNE DEVELOPMENT GROUP (EFD GROUP)နှင့် EXCELLENT FORTUNE FOUNDATION (EFF FOUNDATION)တို့၏ ဥက္ကဋ္ဌနှင့်တည်ထောင်သူ ဦးစိုင်းမျိုးဝင်း နှင့် “အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ” ဘွဲ့ကို အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် ပူးတွဲတည်ထောင်သူ ဇနီး ဒေါ်နန်းခင်မြင့်ရီ တို့အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၄)ရက် နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် အပ်နှင်းခြင်းခံရသည့်အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ခြင်း

EXCELLENT FORTUNE DEVELOPMENT GROUP ( EFD GROUP )၏ အဖွဲ့ဝင်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် JADE KING & QUEEN GEMS & JEWELLERY COMPANY LIMITED သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက် မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ကြေညာသည့် ၂၀၁၈ -၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သည့် (ပုဂ္ဂလိက – မြန်မာကုမ္ပဏီ) လုပ်ငန်းရှင်(၅ဝ)ဦး စာရင်းတွင် အမှတ်စဉ်(၁၃)၌ ရပ်တည်ခဲ့သည့်အတွက် ကျွန်တော်များ EFD GROUP ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် ဝန်ထမ်းမိသားစုများမှ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါသည်။