EFD Group ၏ Founder, Chairman & Group CEO အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ လမ်းညွှန်ချက်ဖြင့် ” ကျန်းမာပျော်ရွှင်ပြီး တိုးတက်အောင်မြင်သော EFD Group မိသားစု အသိုက်အဝန်းကို ဖော်ဆောင်ရန် ” ရည်ရွယ်၍ (၁.၂.၂၀၂၂)ရက်နေ့မှ (၃၁.၁၂.၂၀၂၂)ရက်နေ့အထိ (၁၁)လတိုင်တိုင် ကျင်းပခဲ့သည့် ” ကျန်းမာရေးအတွက် နေ့စဉ်ခြေလှမ်းများ စိန်ခေါ်ခြင်း (EFD Group Step Challenge – 2022) ” အစီအစဉ်၏ နှစ်ပတ်လည် ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲကို (၁၆.၆.၂၀၂၃)ရက်နေ့တွင် LOTTE Hotel Yangon ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ပြိုင်ပွဲကာလအတွင်း EFD Group နှင့် မိသားစုဝင်ကုမ္ပဏီခွဲများ ဖြစ်သည့် Excellent Fortune Life Insurance (EFI Life), Excellent Fortune General Insurance (EFIG), Farmers Development Bank – Mandalay (FDB Bank), Excellent Fortune Finance (EFF Finance) နှင့် အခြားသော မိသားစုဝင် ကုမ္ပဏီခွဲများ အပါအဝင် ပြိုင်ပွဲဝင် ၅၀၀ ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
လစဉ် အကောင်းဆုံး ကြိုးစားခဲ့ကြသည့် မိသားစုဝင်များအတွက် လစဉ် ပထမဆု ကျပ်ငွေ ၁၀၀,၀၀၀၊ ဒုတိယဆု ကျပ်ငွေ ၉၀,၀၀၀၊ တတိယဆု ကျပ်ငွေ ၈၀,၀၀၀၊ စတုတ္ထဆု ကျပ်ငွေ ၇၀,၀၀၀၊ ပဉ္စမဆု ကျပ်ငွေ ၆၀,၀၀၀၊ ဆဋ္ဌမ ကျပ်ငွေ ၅၀,၀၀၀၊ သတ္တမဆု ကျပ်ငွေ ၄၅,၀၀၀၊ အဋ္ဌမဆု ကျပ်ငွေ ၄၀,၀၀၀၊ နဝမဆု ကျပ်ငွေ ၃၅,၀၀၀ နှင့် ဒဿမဆု ကျပ်ငွေ ၃၀,၀၀၀ တို့ကို အသီးသီး ချီးမြှင့်ခဲ့ပြီး နေ့စဉ် ခြေလှမ်း ၂၀,၀၀၀ ပုံမှန်လမ်းလျှောက်သူ အားလုံးအတွက် ဂုဏ်ပြုဆုအဖြစ် ကျပ်ငွေ ၂၀,၀၀၀ စီ ကိုလည်း အရေအတွက် အကန့်အသတ်မရှိ လစဉ် ချီးမြှင့်ပေးခဲ့ပါသည်။
ပြိုင်ပွဲ စတင်ချိန်မှ ပြီးဆုံးသည်အထိ လစဉ် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် မိသားစုဝင်များအတွက် အထူးဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာတွင် –
၁။ ပထမဆု (၁၀)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးသူရဦး၊
၂။ ဒုတိယဆု (၉)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group ဥက္ကဋ္ဌရုံးမှ ဦးဝေဖြိုးဇော်၊
၃။ တတိယဆု (၈)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးကျော်ကျော်ထွန်း၊
၄။ စတုတ္ထဆု (၇)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group မြေယာဌာနမှ ဦးတင်ထွန်းဦး၊
၅။ ပဉ္စမဆု (၆)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးနေလင်း၊
၆။ ဆဋ္ဌမဆု (၅)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFI Life အသက်အာမခံဌာနမှ ဦးမြင့်ဆွေ၊
၇။ သတ္တမဆု (၄)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group သတ္တုဌာနမှ ဦးတင့်ဇော်အေး
၈။ အဋ္ဌမဆု (၃)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFI Life Management ဌာနမှ ဦးတင့်လွင်၊
၉။ နဝမဆု (၂)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးနေလင်းထွန်း၊
၁၀။ ဒဿမဆု (၁)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို FDB Bank ICTဌာနမှ ဒေါ်နှင်းအိရွှေရည် တို့မှ အသီးသီး ထိုက်တန်စွာ ဆွတ်ခူး ရရှိခဲ့ပါသည်။
ပြိုင်ပွဲကာလတစ်လျှောက် လစဉ် ခြေလှမ်း ၂၀၀,၀၀၀ နှင့်အထက် မပျက်မကွက် လမ်းလျှောက်သူ (၁၅၁)ဦး အတွက် ဗလာမပါ အထူးကံစမ်းမဲများကိုလည်း အဆိုပါအခမ်းအနားတွင် ဖွင့်ဖောက် ရွေးချယ်ပေးခဲ့ကြပါသည်။
အထူးကံစမ်းမဲအနေဖြင့် Apple Watch Series – 8 ကို ရွေးချယ်ချီးမြှင့်ခဲ့ရာ EFD Group စီမံရေးရာဌာနမှ ဦးအာကာအောင်ဆန်းမှ ကံထူးခဲ့ပြီး အခမ်းအနားကို ည (၈:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
EFD GROUP ၏ Founder, Chairman & CEO နှင့် Golden Environmental Construction Co., Ltd. ၏မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းသည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကုမ္ပဏီမှပိုင်ဆိုင်သည့် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ မြေ(၁၆)ဧကကျော်ရှိ (၁)လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ (၉)သိန်းခန့် ကျသင့်သော Fortune Plaza, Myanmar Expo တွင် ပြပွဲကြီးများ ကျင်းပရာ ခန်းမကျယ်ကြီး၌ ကုတင်(၅၅၀)ဆံ့ Fortune Plaza Happy Covid Center အဖြစ် COVID-19 ပြီးဆုံးသည့် အချိန်အထိ အခမဲ့အသုံးပြုခွင့်နှင့် “Fortune Plaza Happy Covid Center” ၏ကုသရေးဆိုင်ရာနှင့် လိုအပ်သော ကဏ္ဍများတွင် သုံးစွဲရန်အတွက် မတည်ရန်ပုံငွေ ကျပ်သိန်း (၁,၀၀၀) ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသို့ လှူဒါန်းခဲ့ပါသည်။
“Fortune Plaza Happy Covid Center” ၏ စီမံအုပ်ချုပ်ရေး၊ ကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး COVID-19 ကုသရေးစင်တာအဖြစ် (၈.၁၀.၂၀၂၀)တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး စတင်ဖွင့်လှစ်သည့်ရက်တွင်လူနာ (၁၀၀)ခန့်ကို စတင်လက်ခံ ကုသပေးခဲ့ပြီး (၁၂.၁၀.၂၀၂၀) အထိ လူနာ ၅၀၀ ခန့်ကို လက်ခံကုသပေးလျှက် ရှိပါသည်။
Fortune Plaza Happy Covid Center တွင် (၂၄)နာရီ လျှပ်စစ်ဓါတ်အားပေးစနစ်၊ ကောင်းမွန်သည့် Free Wifi၊ လုံလောက်သည့် Air Condition စနစ်များနှင့် ရေပူရေအေး (၂)မျိုးသုံး Water Cooler များ၊ စာကြည့်တိုက်၊ ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အထောက်အကူပြု ပစ္စည်းများ၊ အနားယူ အပန်းဖြေနိုင်သည့် ဧရိယာများကို စီစဉ်ဆောင်ရွက်ပေးထားပြီး တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် စေတနာ့ ဝန်ထမ်းများအတွက် ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ အဝတ်အခြောက်ခံစက်များနှင့် Hair Dryer များတို့ကို စီမံဆောင်ရွက် ထားပါသည်။ လိုအပ်သည့် သောက်ရေသန့် များကို ကုသရေးစင်တာ ပြီးစီးသည်အထိ လှူဒါန်းသွားမည် ဖြစ်သည်။
စားသောက်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ We Love Yangon တို့နှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ခဲ့ပါသည်။ကုသရေးစင်တာတွင် အထူးကြပ်မတ် စောင့်ရှောက်မှု အခန်းများ (HDU / ICU) ပါရှိမည့်အပြင် ရေချိုးခန်းနှင့် သန့်စင်ခန်းများကိုလည်း လုံလောက်မှုရှိစေရန် ထားရှိ ပေးထားပါသည်။
Farmers Development Bank – Mandalay၏ ပထမဦးဆုံး မန္တလေးဘဏ်ခွဲကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အမှတ် (၇၀)၊ ၈၄ လမ်းထောင့်၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၌ Soft-Opening ဖွင့်လှစ်ခဲ့ပါသည်။ ဘဏ်ဝန်ဆောင်မှုများအနေဖြင့် Special Call Deposit, Fixed Deposit, Saving Account စသည့် အပ်ငွေစာရင်းများ ဖွင့်လှစ်ပေးခြင်းနှင့် Home Loan, Auto Loan, Personal Loan စသည့် ချေးငွေဝန်ဆောင်မှုများကို အသုံးပြုသူ စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေအပ်နှံသူများအတွက် အချိန်ကုန် အသက်သာဆုံးဖြစ်အောင် အမှန်တကယ် ခေတ်မီမြန်ဆန်သည့် Digital Banking စနစ်ကို အသုံးပြု၍ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
Excellent Fortune Development Group (EFD GROUP)နှင့် Excellent Fortune Foundation (EFF Foundation)တို့၏ Founder, Chairman & CEO အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် မိသားစုသည် COVID-19 ကာလအတွင်း လူမှုအကျိုးပြုဆောင်ရွက်ချက်အနေဖြင့် မြန်မာနိုင်ငံအတွင်း အိမ်ထောင်စုပေါင်း (၆,၂၉၀) အတွက် ကျပ်သိန်းပေါင်း ထောင့်နှစ်ရာကျော်တန်ဖိုးရှိ ဆန်၊ ဆီနှင့် အစားအစာများကို အိမ်တိုင်ရာရောက် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။
Excellent Fortune Development Group (EFD GROUP)နှင့် Excellent Fortune Foundation (EFF Foundation)တို့၏ Founder, Chairman & CEO အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် မိသားစုသည် နိုင်ငံတော်၏ COVID – 19 ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေအတွက် မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းအမှတ် OA 013733 သို့ ငွေကျပ် ၁,၀၀၀,၀၀၀,၀၀၀/- (သိန်းပေါင်းတစ်သောင်းကျပ် တိတိ) 1-Billion Kyats ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ရက် တနင်္လာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ပါသည်။
၂၀၂၀ခုနှစ်အတွင်း Excellent Fortune Development Group (EFD GROUP)နှင့် Excellent Fortune Foundation (EFF Foundation)တို့အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးကဏ္ဍအတွက် အထောက်အကူပြု လှူဒါန်းခဲ့မှုများမှာ ကျပ်သိန်းပေါင်း သုံးသောင်းလေးထောင်တစ်ရာ့ငါးဆယ်ကျော် ဖြစ်ပါသည်။
EFD GROUP ရှိ ဝန်ထမ်းများ၏ ခေါင်းဆောင်မှုအရည်အသွေး ပိုမိုတိုးတက်စေရေးနှင့် ပိုမိုအောင်မြင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာစေရေးအတွက် EFD GROUP နှင့် Breakthrough Coaching, Training & Consulting တို့ ပူးပေါင်း၍ Transformational Leadership Journey သင်တန်းကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဝန်ထမ်းပေါင်း ၂၀၀ ခန့်ကို မွမ်းမံ ပို့ချပေးခဲ့ပါသည်။
EFD GROUP ရှိ ဝန်ထမ်းများ၏ အရည်အသွေး ပိုမိုတိုးတက်စေရေးအတွက် EFD GROUP နှင့် ထိုင်ဝမ်မှ ကမ္ဘာ့အဆင့်မီ Shih Chien University တို့ ပူးပေါင်း၍ စီးပွားရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အာမခံ ဆိုင်ရာ အထူးရက်တိုသင်တန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ဝန်ထမ်း ၃၃ ဦးကို ရွေးချယ်၍ သင်ကြားပို့ချ ပေးခဲ့ပါသည်။
EFD GROUP ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးကို ရှေးရှု၍ EFD GROUP ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သိရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ လမ်းညွှန်မှုဖြင့် EFD GROUP အနေဖြင့် ကျန်းမာပျော်ရွှင်ပြီး အောင်မြင်သော မိသားစုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းမိသားစုများအားလုံး အခမဲ့ ပါဝင်နိုင်သည့် နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းပြိုင်ပွဲ ကျန်းမာရေးအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလတို့တွင် Pilot Test နှင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စီစဉ်ဆောင်ရွက်ခဲ့ပြီး ဆုများကိုလည်း လစဉ်ချီးမြှင့်ပေးလျက် ရှိပါသည်။