Excellent Fortune Development Group (EFD GROUP) ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် မိသားစုတို့မှ COVID – 19 ကူးစက်ခံရမှု အတည်ပြုဝန်ထမ်းများနှင့် ၎င်းတို့၏ အတူနေမိသားစုဝင်များအတွက် ဂရုဏာလက်ဆောင်များ စီစဉ်ပေးပို့ ပေးခဲ့ပါသည်။

  • Excellent Fortune Development Group (EFD GROUP) ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ လမ်းညွှန်မှုဖြင့် EFD GROUP ရှိ ဝန်ထမ်းများနှင့် ၎င်းတို့နှင့် အတူနေမိသားစုဝင်များ COVID – 19 ရောဂါ သံသယရှိပါက အမြန်ဆုံး စစ်ဆေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု တရားဝင် ဆေးခန်း၊ ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်၍ Rapid Test Kit များ အသင့်ပြင်ဆင်ထားရှိပေးထားပြီး မတော်တဆ ကူးစက်မှု ရှိခဲ့ပါက သက်ဆိုင်ရာ ကုသရေးဌာနများတွင် အမြန်ဆုံး ကုသမှုခံယူနိုင်ရန်နှင့် လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးဝါးများ အမြန်ဆုံး ရရှိနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
  • COVID – 19 အတည်ပြုဝန်ထမ်းနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ အတူနေမိသားစုဝင်များအတွက် Hotel Quarantine များကိုလည်း ကုမ္ပဏီ၏ ကုန်ကျစရိတ်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

Excellent Fortune Development Group (EFD GROUP) ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ လမ်းညွှန်မှုဖြင့် COVID – 19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် တစ်တပ်တစ်အား ပါဝင်သည့်အနေဖြင့် EFD GROUP ရှိ ဝန်ထမ်းများနှင့် ၎င်းတို့၏ အတူနေ မိသားစုဝင်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ၂ ကြိမ်အထိ အခမဲ့ ထိုးနှံပေးခဲ့ပါသည်။

  • Excellent Fortune Development Group Company Limited ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး (Annual General Meeting)ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် (သောကြာနေ့) နံနက် (၉း၀၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
  • အစည်းအဝေးကို ကုမ္ပဏီ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၊ ပူးတွဲတည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီနှင့် ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူများ၊ ဌာနမှူးများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
  • အစည်းအဝေးတွင် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
  • ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်ကော်မတီမှ တင်ပြသည့် စာရင်းစစ်အစီရင်ခံစာကို အစည်းအဝေးတက်ရောက်သူများ အားလုံးက ကန့်ကွက်ရန်မရှိကြသဖြင့် အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
  • သက်ဆိုင်ရာ ဌာနမှူးများမှ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဌာနအလိုက် ပြီးစီးအောင်မြင်မှုများနှင့် ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဌာနအလိုက် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။
  • လက်ရှိဖြစ်ပေါ်နေသည့် COVID – 19 ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံတွင်းဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများကြောင့် လုပ်ငန်းများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးနှင့် လုပ်ငန်းလည်ပတ်မှုများ ပိုမိုအဆင်ပြေချောမွေ့နိုင်စေရေးအတွက် Business Continuity Plan များကိုလည်း ဆွေးနွေး အတည်ပြုခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁၂း၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် Excellent Fortune Development Group(EFD GROUP) နှင့် Excellent Fortune Foundation(EFF Foundation) တို့၏ Founder, Chairman & Group CEO ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ Senior Vice Chairman & Co-Founder အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့မှ ငွေ ၁၀၀,၀၀၀,၀၀၀/- ကျပ် (သိန်းတစ်ထောင်ကျပ်)နှင့် COVID-19 ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ဖြစ်သော တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ (၃၀၀)စုံ၊ N95 Mask (၃၀၀)ခု၊ Goggles (၁၀၀)ခု၊ ခြေအိတ်စွပ်ခုံ (၅)ခုနှင့် ခြေစွတ်အိတ် (၂၅၀)စုံ တို့ကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ပေးအပ် လှူဒါန်း ခဲ့ပါသည်။

ထို လှူဒါန်းမှုများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ လက်ခံ ခဲ့ပါသည်။

ကျွန်တော်များ Excellent Fortune Development Group(EFD GROUP)နှင့် Excellent Fortune Foundation(EFF Foundation)သည် COVID-19 ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့  လှူဒါန်းပြီး ငွေမှာ ၁,၀၀၀,၀၀၀,၀၀၀/-ကျပ် ( သိန်း တစ်သောင်းကျပ် )ခန့် ရှိပြီ ဖြစ်ပါသည်။

သတ္တဝါများ အားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ…

EFD GROUP နှင့် EFF FOUNDATION တို့၏ Founder, Chairman & Group CEO ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် COVID-19 ကပ်ရောဂါကို နိုင်ငံတော်အဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ လိုအပ်လျှက်ရှိသော အထောက်အကူပြုပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၇,၁၃၀)ကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

EFD GROUP နှင့် EFF FOUNDATION သည်

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊
၃။ မြန်မာ့အာမခံလုပ်ငန်း၊
၄။ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊
၅။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာကေတမြို့နယ်နှင့်
၆။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့နှင့် မိုးမိတ်မြို့များရှိ ဝင်ငွေနည်းပါးသော အိမ်ထောင်စု (၅,၂၀၀)ထံသို့ COVID – 19 ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ပေးဝေလှူဒါန်းခဲ့ပါသည်။

 

ယခုအကြိမ် လှူဒါန်းမှုစုစုပေါင်းသည် ကျပ်ငွေ ၁၃၅,၂၀၀,၀၀၀/- (ကျပ်တစ်ထောင့်သုံးရာငါးဆယ့်နှစ်သိန်းတိတိ)ဖြစ်ပြီး ကျွန်တော်များ EFD GROUP နှင့် EFF FOUNDATION တို့၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုနှင့် ကပ်ရောဂါကြောင့် လူမှုစီးပွား အခက်အခဲများကို ကူညီလှူဒါန်းမှု အစုစုတို့၏တန်ဖိုးမှာ ကျပ်ငွေ သိန်းပေါင်း(၇,၁၃၀)ကျော် ဖြစ်ပါသည်။

ကျွန်တော်များ EFD GROUP နှင့် EFF FOUNDATION တို့၏ Founder, Chairman & Group CEO ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်မှုဖြင့် ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် တက်ကြွစွာဖြင့် အစဥ်အမြဲ အထောက်အကူပြု ပါဝင်လှူဒါန်း ဆောင်ရွက်လျက် ရှိပါသည်။

လှူဒါန်းမှုအစုစုတို့၏ ကောင်းမှုကုသိုလ်ကို ထပ်တူထပ်မျှ ရရှိကြစေရန်နှင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်စေရန် မျှဝေအပ်ပါသည်။

EXCELLENT FORTUNE DEVELOPMENT GROUP (EFD GROUP) မှ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (YRYEA) ၏ Entrepreneurship Development and Members Committee (EDMC) မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ Melia Hotel တွင် ကြီးမှူးကျင်းပခဲ့သော “ View From The Top – Getting Ready For The Digital Age ” အစီအစဉ်အတွက် Main Sponsor အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ကူညီပံ့ပိုး ပေးခဲ့ပါသည်။

Excellent Fortune Development Group Company Limited (EFD Group) ၏ အကြီးတန်း စီမံခန့်ခွဲမှု အစည်းအ‌‌‌ဝေးအား ၂၀၂၀ခုနှစ် ဇန်န၀ါရီလ (၉) ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ Sedona Hotel Mindon Room ၌ ကျင်းပခဲ့ရာ EFD Group ၏ ဥက္ကဋ္ဌ နှင့် တည်ထောင်သူ ဦးစိုင်းမျိုုး၀င်း နှင့် အကြီးတန်း ဒုတိယဥက္ကဋ္ဌ နှင့် ပူးတွဲတည်ထောင်သူ ‌ဒေါ်နန်းခင်မြင့်ရီတို့ အပါအ၀င် အကြီးတန်း စီမံခန့်ခွဲမှု ဆိုင်ရာ လူကြီးများ စုံညီစွာ တက်‌ရောက်ခဲ့ကြပါသည်။

 

EXCELLENT FORTUNE DEVELOPMENT GROUP(EFD GROUP)၏ ဝန်ထမ်းမိသားစုများ ပျော်ပွဲရွှင်ပွဲနှင့် မိတ်ဆုံညစာစားပွဲ အခမ်းအနား Staff Party ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့တွင် ရန်ကုန်မြို့ Rosewood Yangon Hotel တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။