ဦးစိုင်းမျိုးဝင်းFounder, Chairman & Group CEO

ဦးစိုင်းမျိုးဝင်းသည် Excellent Fortune Development Group(EFD GROUP) ၏ Founder, Chairman & Group CEO ဖြစ်ပါသည်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပြီး EFD GROUP ကို ​​ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီ နှင့်အတူ 2012 ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါသည်။

ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်မှုအောက်တွင် လုပ်ငန်းသည် မိသားစုလုပ်ငန်းမှ ကဏ္ဍစုံလုပ်ငန်းစုကြီးတစ်ခုအထိ ကြီးထွားလာခဲ့ပါသည်။

EFD GROUP သည် ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း စသည့် အဓိကကဏ္ဍကြီး ၅ ခုတွင် တက်ကြွပြီး ပေါင်းစပ်ကုမ္ပဏီများအုပ်စုအဖြစ် အောင်မြင်စွာ အသွင်ပြောင်းခဲ့ပါသည်။

ဦးစိုင်းမျိုးဝင်းသည် မြန်မာပြည်သူပြည်သားများအတွက် အကျိုးပြုသော နိုင်ငံတော်အဆင့် ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Excellent Fortune Foundation (EFF Foundation) ၏ ဥက္ကဋ္ဌလဲ ဖြစ်ပါသည်။

နိုင်ငံတော်အဆင့် ဖောင်ဒေးရှင်းသည် လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ မြန်မာလူမျိုးများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပံ့ပိုးကူညီပေးလျက် ရှိပါသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဦးစိုင်းမျိုးဝင်းသည် ရွှေပြည်သာစက်မှုဇုန် အပိုင်း ၂၊ ၃၊ ၄ နှင့် သာဓုကံစက်မှုဇုန် အပိုင်း ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တို့၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ စက်မှုဇုန်များရှိ အကြီးဆုံးဧရိယာကို ကြီးကြပ်ကွပ်ကဲရပြီး စီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဋ္ဌများထဲတွင် အသက်အငယ်ဆုံးလဲ ဖြစ်သည်။

ဦးစိုင်းမျိုးဝင်းသည် လက်ရှိတွင် Excellent Fortune Life Insurance (EFIL) နှင့် Excellent Fortune General Insurance (EFIG) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး 2013 ခုနှစ်မှ စတင်၍ Fortune Plaza ကို ထူထောင်ခဲ့သည့် Golden Environmental Construction Company Limited နှင့် Myanmar Expo တို့၏ မန်နေဂျင်းဒါရိုက်တာလဲ ဖြစ်ပါသည်။

2018 / 2019 ဘဏ္ဍာနှစ်တွင် EFD ကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲတစ်ခုသည် မြန်မာနိုင်ငံကုမ္ပဏီများတွင် 13 ခုမြောက် ၀င်ငွေခွန်အများဆုံးပေးဆောင်သူအဖြစ် အဆင့် သတ်မှတ်ခံခဲ့ရပါသည်။

2020 ခုနှစ် ဇန်နဝါရီလ 4 ရက်နေ့တွင် ဦးစိုင်းမျိုးဝင်းအား နိုင်ငံတော်သမ္မတမှ ” အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ” ဘွဲ့ကို ထိုက်တန်စွာ ချီးမြှင့်ခဲ့ပါသည်။ ယင်းဘွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ချီးမြှင့်သော သာသနာရေးဆိုင်ရာ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့များထဲမှ တစ်ခု ဖြစ်ပါသည်။

ဦးစိုင်းမျိုးဝင်းသည် 2021 ခုနှစ် ဒီဇင်ဘာလ 29 ရက်နေ့တွင် စတင်လည်ပတ်ခဲ့သော တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ် – မန္တလေး (FDB Bank) ၏ အဓိကရှယ်ယာရှင် ဖြစ်ပါသည်။