EFD GROUP သည် မန္တလေးတိုင်းဒေသကြီးအနီးရှိ မြို့တော်ဘိလပ်မြေစက်ရုံ (ပြည်ညောင်)တွင် နောက်ဆုံးနည်းစဥ် အသစ်ဖြစ်သည့် New dry process ဖြင့် တစ်ရက်လျှင် ဘိလပ်မြေ တန်(၆,၀၀၀)ကျ (၂)လိုင်း ပါရှိသည့်ဘိလပ်မြေစက်ရုံအဖြစ် တည်ဆောက် ဆောင်ရွက်လျက်ရှိပါသည်။
EFD GROUP ၏ ကျွန်းစိုက်ခင်းသည် မြန်မာနိုင်ငံတွင် အောင်မြင်မှု အရှိဆုံးနှင့် အကြီးမားဆုံးသော ပုဂ္ဂလိက ကျွန်းအထူးစိုက်ခင်းဖြစ်ပါသည်။
EFD GROUP သည် မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းတွင်းပေါင်း များစွာကို ပိုင်ဆိုင်ထားပြီး၊ သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းသည် EFD GROUP ၏ လက်ငုတ်စီးပွားရေးတစ်ခု ဖြစ်ပါသည်။
EFD GROUP အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း အချက်အချာကျပြီး မြို့ပြတည်ဆောက်နိုင်သည့် မြေနေရာများကို ပိုင်ဆိုင်ထားပါသည်။
EFD GROUP သည် မြန်မာနိုင်ငံတွင် ငွေကြေးလုပ်ငန်းဆိုင်ရာ လိုင်စင်များ အားလုံးနီးပါး ရရှိထားသည့် ငွေကြေးစီးပွားရေးလုပ်ငန်းစု (၆)ခုထဲမှ (၁)ခုဖြစ်ပါသည်။