EFD GROUP သည် အသေးစားစီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် EXCELLENT FORTUNE MICROFINANCE COMPANY LIMITED ( EFM ) နှင့် BRIGHT PEARL MICROFINANCE COMPANY LIMITED ( BPM ) တို့ဖြင့် အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
EXCELLENT FORTUNE FINANCE COMPANY LIMITED ( EFFCL )သည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော လိုင်စင်ရ ငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီ (၂၉)ခုထဲမှ (၁)ခု ဖြစ်ပါသည်။ EXCELLENT FORTUNE FINANCE COMPANY LIMITED ( EFFCL ) သည် အများပြည်သူထံမှ အပ်နှံငွေ မယူဘဲ ကုန်ပစ္စည်း(သို့မဟုတ်) ဝန်ဆောင်မှု ဝယ်ယူခြင်းအတွက် ချေးငွေထုတ်ပေးသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (မန္တလေး)ကို မြန်မာနိုင်ငံတွင် ထိပ်တန်းအဆင့် ဒစ်ဂျစ်တယ် နည်းပညာဦးစားပေးသည့် အသေးစားနှင့်အလတ်စား စီးပွားရေးဘဏ်ဖြစ်လာရန် ရည်မှန်းထားပါသည်။ FDB Bankသည် ၂၀၂၀ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ယာယီခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကူးသန်းရောင်းဝယ်ရေးဘဏ် အဖြစ် စတင်လည်ပတ်ခဲ့ပါသည်။
ငွေအပ်နှံသူများအတွက် လျင်မြန်ပြီး ပွင့်လင်းမြင်သာသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (မန္တလေး) သည် ဒီဂျစ်တယ် စတင်အသုံးပြုခြင်း၊ ဇီဝတိုင်းတာမှုဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် အလိုအလျောက် ချေးငွေ ခွဲခြမ်းစိတ်ဖြာခြင်း ကဲ့သို့သော နောက်ဆုံးပေါ် ဘဏ်လုပ်ငန်း နည်းပညာများကို အသုံးပြုမည် ဖြစ်ပါသည်။ ဤ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ဘဏ်သည် စျေးကွက်တွင်ရရှိနိုင်သော နောက်ဆုံးပေါ် Core Banking နည်းပညာများထဲမှ တစ်ခုကို ရွေးချယ်ပြီး အသုံးပြုလျက် ရှိပါသည်။
Excellent Fortune Development Group (EFD GROUP) လက်အောက်ရှိ အသက်အာမခံ၊ အထွေထွေအာမခံ၊ ငွေရေးကြေးရေးနှင့် အသေးစားငွေရေးကြေးရေးလိုင်စင်များ ပါဝင်သော ဘဏ္ဍာရေးဝန်ဆောင်မှု ပလပ်ဖောင်း/Platform ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အကြီးတန်း စီမံခန့်ခွဲမှု အဖွဲ့သည် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (မန္တလေး)ကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် အမျိုးမျိုးသော ငွေကြေးထုတ်ကုန်များကို ဝန်ဆောင်မှုပေးနိုင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိပါသည်။
EFD GROUP သည် ၂၀၁၃ ခုနှစ်တွင် EXCELLENT FORTUNE INSURANCE COMPANY LIMITED ဖြင့် အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းလိုင်စင်များ ရရှိခဲ့ပြီး ကနဦး မတည်ရင်းနှီးငွေ မြန်မာငွေကျပ် (၄၆) ဘီလီယံဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ပုဂ္ဂလိက အာမခံလုပ်ငန်းလိုင်စင်များ ပိုင်ဆိုင်ထားသည့် စီးပွားရေး လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်ပါသည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ ပုဂ္ဂလိက အာမခံလုပ်ငန်း အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်စေလိုသော ရည်ရွယ်ချက်ဖြင့် အသက်အာမခံလုပ်ငန်းနှင့် အထွေထွေအာမခံလုပ်ငန်းများကို ကုမ္ပဏီသီးခြားစီ ဆောင်ရွက်ရန် ညွှန်ကြားချက်အရ အသက်အာမခံလုပ်ငန်းအတွက် EXCELLENT FORTUNE LIFE INSURANCE COMPANY LIMITED ( EFIL ) နှင့် အထွေထွေအာမခံလုပ်ငန်းအတွက် EXCELLENT FORTUNE GENERAL INSURANCE COMPANY LIMITED ( EFIG )တို့ကို ပြောင်းလဲဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အာမခံလုပ်ငန်းကဏ္ဍ၌ အသက်အာမခံကုမ္ပဏီ (၁၆)ခု၊ အထွေထွေအာမခံကုမ္ပဏီ (၈)ခု အပါအဝင် ပြည်တွင်း ပုဂ္ဂလိက အာမခံကုမ္ပဏီ (၂၄)ခု ရှိပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ အာမခံလုပ်ငန်းဈေးကွက်ကို ချဲ့ထွင်ရန် နိုင်ငံခြား အသက်အာမခံ ကုမ္ပဏီ (၅)ခုကို ထပ်မံ ခွင့်ပြုပေးခဲ့ပါသည်။
EFD CENTER စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် တည်ရှိပြီး ရန်ကုန်မြို့၏ ဗဟိုအချက်အချာဖြစ်သည့် ဆူးလေဘုရားမှ မီတာ (၈၀၀)အကွာ မြို့လယ်ဧရိယာတွင် တည်ရှိပါသည်။
စီမံကိန်းမြေဧရိယာမှာ (၃)ဧကကျော် ကျယ်ဝန်းပြီး အဆောက်အဦဧရိယာ စတုရန်းပေ (၁,၂၀၀,၀၀၀)ကျော် ရှိသော နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာနှင့် လူနေတိုက်ခန်းများပါဝင်၍ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ကာ ၂၀၂၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ရန်ကုန်မြို့၏ ခေတ်မီသည့် Land Mark တစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွက်လာမည် ဖြစ်ပါသည်။
စက်မှုဥယျာဉ်မြို့တော်၊ စီးပွားရေးလုပ်ငန်းများနှင့် လူနေအိမ်ရာများ ပါဝင်သည့် EFD ECO BUSINESS PARK စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းမကြီးနှင့် အမှတ်(၇) မြို့ပတ်လမ်းတို့ ဆုံရာ၌ တည်ရှိသည့် မြေဧက (၅၅၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအား (၅) နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည် ဖြစ်ပါသည်။
Fortune Commercial City သည် အမှတ် (၈), ဘုရင့်နောင်လမ်မကြီးနှင့် ဆေးဝါးစက်ရုံလမ်းထောင့်, အနောက်ကြို့ကုန်း, အင်းစိန်မြို့နယ်, ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး EFD Group ၏ မိသားစုဝင် ကုမ္ပဏီတစ်ခုဖြစ်သည့် First Golden Dragon Construction Co.,Ltd မှ တာဝန်ယူတည်ဆောက်သည့် စီးပွားရေးဘက်စုံသုံး စီမံကိန်း (Mixed Use Development Project) ဖြစ်ပါသည်။
Fortune Commercial City သည် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းများ ရောင်းဝယ် ဖြန့်ဖြူးရာတွင် အချက်အချာကျသည့် ဘုရင့်နောင် ကားပစ္စည်း လက်ကားဈေးကြီး၊ ဘုရင့်နောင် ကုန်စည်ပွဲရုံနှင့် ကပ်လျက်တွင် တည်ရှိပြီး ဆိပ်ခံတံတား ပါရှိသည့်အတွက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ကုန်းလမ်းနှင့် ရေလမ်းနှစ်မျိုးလုံးကို တွင်ကျယ်စွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
Fortune Commercial City ရှိ (၃)ထပ်ခွဲ Shophouse (Hall Type) အဆောက်အဦများ၏ အလွှာတိုင်းတွင် ရေချိုးခန်းနှင့် သန့်စင်ခန်းများ ပါရှိပြီး စီမံကိန်းအတွင်း နိုင်ငံတကာအဆင့်မီ ဈေးဝယ်ကုန်တိုက်ကြီး (Shopping Mall) တို့ ပါဝင်မည် ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ကြိုက် ဘက်စုံ အသုံးပြုနိုင်မည့် စီမံကိန်းကြီးတစ်ခု ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်ရှိ ကုမ္ပဏီကိုယ်ပိုင်မြေ မြေဧရိယာ (၁၆) ဧကပေါ်တွင် တည်ဆောက်ထားသော Myanmar Expo ပါရှိသည့် FORTUNE PLAZA သည် လက်လီ၊ လက်ကား ရောင်းဝယ်ဖောက်ကားနိုင်ပြီး နိုင်ငံတကာအဆင့်မီ ကုန်စည်ပြပွဲများ ကျင်းပနိုင်သော မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာနှင့် အကြီးမားဆုံးထဲမှ တစ်ခုဖြစ်သည့် ပြခန်းနှင့် ကုန်စည်ပြပွဲခန်းမ ပါဝင်သော စီးပွားရေးဥယျာဉ်တစ်ခုအဖြစ် ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ပြီးစီးခဲ့ပါသည်။