EFD GROUP နှင့် EFF FOUNDATION မှ COVID-19 ကပ်ရောဂါအတွက် အထောက်အပံ့ပစ္စည်းများလှူဒါန်း

EFD GROUP နှင့် EFF FOUNDATION တို့၏ Founder, Chairman & Group CEO ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် COVID-19 ကပ်ရောဂါကို နိုင်ငံတော်အဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ လိုအပ်လျှက်ရှိသော အထောက်အကူပြုပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၇,၁၃၀)ကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

EFD GROUP နှင့် EFF FOUNDATION သည်

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊
၃။ မြန်မာ့အာမခံလုပ်ငန်း၊
၄။ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊
၅။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာကေတမြို့နယ်နှင့်
၆။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့နှင့် မိုးမိတ်မြို့များရှိ ဝင်ငွေနည်းပါးသော အိမ်ထောင်စု (၅,၂၀၀)ထံသို့ COVID – 19 ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ပေးဝေလှူဒါန်းခဲ့ပါသည်။

 

ယခုအကြိမ် လှူဒါန်းမှုစုစုပေါင်းသည် ကျပ်ငွေ ၁၃၅,၂၀၀,၀၀၀/- (ကျပ်တစ်ထောင့်သုံးရာငါးဆယ့်နှစ်သိန်းတိတိ)ဖြစ်ပြီး ကျွန်တော်များ EFD GROUP နှင့် EFF FOUNDATION တို့၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုနှင့် ကပ်ရောဂါကြောင့် လူမှုစီးပွား အခက်အခဲများကို ကူညီလှူဒါန်းမှု အစုစုတို့၏တန်ဖိုးမှာ ကျပ်ငွေ သိန်းပေါင်း(၇,၁၃၀)ကျော် ဖြစ်ပါသည်။

ကျွန်တော်များ EFD GROUP နှင့် EFF FOUNDATION တို့၏ Founder, Chairman & Group CEO ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်မှုဖြင့် ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် တက်ကြွစွာဖြင့် အစဥ်အမြဲ အထောက်အကူပြု ပါဝင်လှူဒါန်း ဆောင်ရွက်လျက် ရှိပါသည်။

လှူဒါန်းမှုအစုစုတို့၏ ကောင်းမှုကုသိုလ်ကို ထပ်တူထပ်မျှ ရရှိကြစေရန်နှင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်စေရန် မျှဝေအပ်ပါသည်။